ဝေဒနည်းပညာဖြင့် ထီဆုကြီးပေါက်သူများ၏
ဇာတာများအား လေ့လာခြင်း(၁)
တစ်လတစ်ခါ မိမိတတ်နိင်သလောက် ထီကံစမ်းသော
ဖေ့ဘုတ်မိတ်ဆွေများမှ
ထီပေါက်ခြင်းနှင့် ထီဆုကြီးပေါက်ခြင်းတို့ကို
ဆွေးနွေးလာသဖြင့် လည်းကောင်း
နည်းတူ အခြား ထီစိတ်ဝင်စားသူများပါ သိရှိနိင်ပါရန်
အသိပေးရေးသားလိုက်
ပါသည်။
မဖြစ်သေးသည်ကို ကြိုတင် သိခြင်းသည်
ဝေဒနည်းပညာဖြစ်သည်။ကျပ်သိန်း
၁၅၀၀ ဆုကြီးမှ ကျပ်သိန်း ၁၀၀
ဆုကြီးထိ၊ထီပေါက်ဖူးသူများ၏ မူလဇာတာများကို
ဝေဒနည်းပညာဖြင့် လေ့လာရာတွင်
ဝေဒနည်းပညာ ဥပဒေသများနှင့်တူညီ
တိုက်ဆိုင်သည့် အချက်များအား
လေ့လာနိင်ပါရန် မျှဝေလိုက်ပါသည်။
၁။ မူလဇာတာအား လေ့လာခြင်း
(က) အခြေခံအချက်အလက်များအရ မူလဇာတာအား
ရရှိပါသည်။
၂။ ယခုကာလထီပေါက်ကိန်းအား လေ့လာခြင်း
(က) ကောဇာအား လေ့လာခြင်း
ကောဇာ ဓနဂြိုဟ် ကြာသပတေးဂြိုဟ်
ရပ်တည်သောရာသီအရ
ယခုကာလ ထီပေါက်ကိန်းရှိနေသည့်
ဇာတာစန်း၊လဂ်နှင့်တနင်္ဂနွေဂြိုဟ်၊စနေ
ဂြိုဟ်၊ကြာသပတေးဂြိုဟ်
ရပ်တည်သော ရာသီများကို ဝေဒနည်းပညာဥပဒေသများ
အရ သိရှိနိင်ပါသည်။
(ခ) မူလဇာတာနှင့် ကောဇာကြာသပတေးဂြိုဟ်
ဆက်စပ်မူအား နှိုင်ယှဉ်ခြင်းအရ
ယခုကာလထီပေါက်ကိန်း ရှိ/မရှိကို ဝေဒနည်းပညာ
ဥပဒေသများဖြင့် ကြိုတင်
သိရှိနိင်ပါသည်။
၃။ ဓနယုဂ်အားလေ့လာခြင်း
ငွေအလွယ်တကူရနိင်သည့် ဓနယုဂ်ရ/မရကို မူလဇာတာအား
ဝေဒနည်းပညာ
ဓနယုဂ် ဥပဒေသများနှင့် နှိုင်းယှဉ်ခြင်းအရ
ကြိုတင် သိရှိနိင်ပါသည်။
၎။ ငွေဂြိုဟ် တနင်္လာဂြိုဟ်အား လေ့လာခြင်း
အခြေခံအချက်အလက်များအရ တနင်္လာဂြိုဟ်အား
မည်မျှရှိသည်ကို
ဝေဒနည်းပညာ ဂြိုဟ်အားများ ဥပဒေသအရ ကြိုတင်
သိရှိနိင်ပါသည်။
၅။ ဒသာအားလေ့လာခြင်း
မူလဇာတာနှင့် ထီဖွင့်ပွဲကျင်းပသည့် ရက်စွဲများအရ
ဝေဒနည်းပညာဖြင့်
မည်သည့် ဒသာတွင် ကျရောက်နေသည်ကို ဝေဒနည်းပညာ
ဒသာဥပဒေသများ
အရ ကြိုတင် သိရှိနိင်ပါသည်။
၆။ မူလဇာတာနှင့် ထီဖွင့်ပွဲဇာတာ တနင်္ဂနွေဂြိုဟ်ဆက်စပ်မူအားလေ့လာခြင်း
ထီဖွင့်ပွဲဇာတာ တနင်္ဂနွေဂြိုဟ် ရပ်တည်သော
ရာသီမှာ မူလဇာတာလဂ်မှ
အကျိုးပေးသော အတန့်တွင် ရှိနေခြင်းကို
ဝေဒနည်းပညာ ကောဇာ တနင်္ဂနွေဂြိုဟ်
ဥပဒေသများအရ ကြိုတင် သိရှိနိင်ပါသည်။
၇။ မူလဇာတာနှင့် ထီဖွင့်ပွဲဇာတာ ကြာသပတေးဂြိုဟ်ဆက်စပ်မူအားလေ့လာခြင်း
ထီဖွင့်ပွဲဇာတာ ကြာသပတေးဂြိုဟ် ရပ်တည်သော
ရာသီမှာ မူလဇာတာလဂ်မှ
အကျိုးပေးသော အတန့်တွင် ရှိနေခြင်းကို
ဝေဒနည်းပညာ ကောဇာ ကြာသပတေးဂြိုဟ် ဥပဒေသများအရ ကြိုတင် သိရှိနိင်ပါသည်။
မူလဇာတာနှင့် ဒသာ၊ကောဇာ စသည့်အကြောင်းတရား(၃)ပါး
ဆက်စပ်မူ
ဝေဒနည်းပညာ ဥပဒေသများနှင့် တိုက်ဆိုင်
ညီညွတ်ပါက ဇာတာရှင် ကံအကျိုး
ပေးသော ထီဆုများ ပေါက်ကြမည် ဖြစ်ပါသည်။
သုံးသပ်ချက်
၁။ ထီကံစမ်းသပ်ထားခြင်းသည်လည်း ထီပေါက်ဖို့အကြောင်းတရား(၁)ခု
ဖြစ်ပါသည်။
၂။ ယခုကာလထီပေါက်ကိန်းရှိနေခြင်းသည်လည်း
ထီပေါက်ဖို့အကြောင်းတရား
(၁)ခု ဖြစ်ပါသည်။
၃။ ဓနယုဂ် ရနေခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်းတရား(၁)ခုဖြစ်
ပါသည်။
၎။ ငွေဂြိုဟ်တနင်္လာဂြိုဟ်အား များခြင်းသည်လည်း
ထီပေါက်ဖို့
အကြောင်းတရား(၁)ခုဖြစ်ပါသည်။
၅။ မူလဇာတာလဂ်မှ အကျိုးပေးသောအတန့် ဒသာတွင်
ကျရောက်နေခြင်းမှာလည်း
ထီပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
၆။ မူလဇာတာလဂ်မှ ထီဖွင့်ပွဲဇာတာ တနင်္ဂနွေဂြိုဟ်
အကျိုးပေးသော အတန့်
တွင် ရောက်ရှိနေခြင်းမှာလည်း ထီပေါက်ဖို့
အကြောင်းတရား(၁)ခုဖြစ်ပါသည်။
၇။ မူလဇာတာလဂ်မှ ကောဇာကြာသပတေးဂြိုဟ်
အကျိုးပေးသော အတန့်တွင်
ရောက်ရှိနေခြင်းမှာလည်း ထီပေါက်ဖို့အကြောင်းတရား(၁)ခု
ဖြစ်ပါသည်။
အထက်ပါအကြောင်းတရားများ တူညီတိုက်ဆိုင်ပေါင်းစုံလာသောအခါ
မြန်မာ့အောင်ဘာလေထီတွင် ဆုမဲပေါင်း(၄၂၂၃၉)ဆု
ရှိသည့်အနက်
ကံအကျိုးပေးသော ထီဆုပေါက်ကြမည်ဖြစ်ပါသည်။
ထီဆုကြီးခြင်းအား လေ့လာခြင်း
ကျပ်သိန်း ၁၅၀၀ ဆုကြီးမှ ကျပ်သိန်း ၁၀၀
ဆုကြီထိ၊ထီဆုမဲပေါင်း(၃၉)ဆု
ရှိပါသည်။
ထီပေါက်သူ(၄၂၂၃၉)ဦးဟုယူဆပါက။မိမိဇာတာ
ထီပေါက်သူ(၄၂၂၀၀)ဦးထက်
ကံသာပါက ထီဆုကြီးပေါက်မည်ဖြစ်ပါသည်။
ထီဆုကြီးပေါက်သူများ၏မူလဇာတာများအား
လေ့လာတွေ့ရှိချက်
ကျပ်သိန်း ၁၅၀၀ ဆုကြီးမှ ကျပ်သိန်း ၁၀၀
ဆုကြီးထိ၊ထီပေါက်ဖူးသူများ၏
မူလဇာတာများကို လေ့လာတွေ့ရှိချက်အရ အထက်ပါ
အကြောင်းတရာ(၇)ချက်
တူညီတိုက်ဆိုင်နေကြကြောင်းကို ဝေဒနည်းပညာ
ဥပဒေသများနှင့် သိရှိရ
ပါသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်.






No comments:
Post a Comment