Sunday, December 18, 2016

၁။ ထီဆုအမျိုးအစား ဘယ်နှစ်မျိုး ရှိပါသလဲ?



၁။ ထီဆုအမျိုးအစား ဘယ်နှစ်မျိုး ရှိပါသလဲ?

တိတိကျကျသိလိုသဖြင့်ဆွေးနွေးလာသူကို အထူးပင်ကျေးဇူးတင်ပါကြောင်း
မှတ်တမ်းတင်လိုက်ပါသည်။

(၃၃၅)ကြိမ်(၁.၁၂.၂၀၁၆) ထီပေါက်စဉ်အား လေ့လာခြင်း

၁။ ကျပ်သိန်း(၁၅၀၀) ဆုကြီး(၁)မျိုး၊
၂။ ကျပ်သိန်း(၁၀၀၀) ဆုကြီး(၁)မျိုး၊
၃။ ကျပ်သိန်း(၅၀၀)ဆုကြီး(၁)မျိုး၊
၎။ ကျပ်သိန်း(၃၀၀)ဆုကြီး(၁)မျိုး၊
၅။ ကျပ်သိန်း(၂၀၀)ဆုကြီး(၁)မျိုး၊
၆။ ကျပ်သိန်း(၁၀၀)ဆုကြီး(၁)မျိုး၊
၇။ ကျပ်သိန်း(၅၀) ဆုကြီး(၁)မျိုး
၈။ ကျပ်(၂၅)သိန်းဆုကြီး(၁)မျိုး၊
၉။ ကျပ်(၁၀)သိန်းဆုကြီး(၁)မျိုး၊
၁၀။ ကျပ်(၅)သိန်းဆုကြီး(၁)မျိုး
အထက်ပါ ဆုကြီး(၁၀)မျိုးသည် အက္ခရာနှင့် နေရာအလိုက် ဂဏန်း(၆)လုံး အစဉ်လိုက်တူပါက
ထီပေါက်ပါသည်။
၁၁။ ကျပ်(၃)သိန်းဆု(၁)မျိုး၊
အက္ခရာနှင့် နေရာအလိုက် ဂဏန်း(၅)လုံး ရှိပါသည်။အက္ခရာနှင့် နေရာအလိုက်
ရှေ့ဂဏန်း(၅)လုံး၊အစဉ်လိုက်တူပါက ကျပ်(၃)သိန်းဆု ထီပေါက်ပါသည်။
၁၂။ ကျပ်(၂)သိန်းဆု(၁)မျိုး၊
အက္ခရာနှင့် နေရာအလိုက် ဂဏန်း(၄)လုံး ရှိပါသည်။အက္ခရာနှင့် နေရာအလိုက်
ရှေ့ဂဏန်း(၄)လုံး၊အစဉ်လိုက်တူပါက ကျပ်(၂)သိန်းဆု ထီပေါက်ပါသည်။
၁၃။ ကျပ်(၁)သိန်းဆု(၁)မျိုး
အက္ခရာနှင့် နေရာအလိုက် ဂဏန်း(၃)လုံး ရှိပါသည်။အက္ခရာနှင့် နေရာအလိုက်
ရှေ့ဂဏန်း(၃)လုံး၊အစဉ်လိုက်တူပါက ကျပ်(၁)သိန်းဆု ထီပေါက်ပါသည်။
၁၂။ ကျပ်(၅)သောင်းဆု(၁)မျိုး
အက္ခရာနှင့် နေရာအလိုက် ဂဏန်း(၂)လုံး ရှိပါသည်။အက္ခရာနှင့် နေရာအလိုက်
ရှေ့ဂဏန်း(၂)လုံး၊အစဉ်လိုက်တူပါက ကျပ်(၅)သောင်းဆု ထီပေါက်ပါသည်။
အထက်ပါအတိုင်း မြန်မာ့အောင်ဘာလေ ထီပေးသည့်စနစ် ထီပေါက်စဉ်ကိုလေ့လာရာတွင်
ထီဆုအမျိုးအစား(၁၄)မျိုးရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်

No comments:

Post a Comment