Monday, December 19, 2016

၃။ ထီရောင်းချသည့် စနစ်ကို လေ့လာခြင်း



၃။ ထီရောင်းချသည့် စနစ်ကို လေ့လာခြင်း

မြန်မာ့အောင်ဘာလေထီတွင် အက္ခရာနှင့် နေရာအလိုက် ဂဏန်း(၆)လုံးရှိပါသည်။

ထီအက္ခရာ(က)မှ(ကဈ)ထိ၊ထီအက္ခရာ အလုံး(၄၂)လုံး ရှိပါသည်။

ထီအက္ခရာ(၁)လုံးကို ထီအုပ်ရေ(၈၁၈၁၈)အုပ်ဖြစ်ပါသည်။
ထီ(၁)အုပ်တွင် ထီစောင်ရေ(၁၁)စောင် ဖြစ်ပါသည်။ထီအက္ခရာ(၄၂)လုံးဆိုလျှင်
ထီအုပ်ရေ(၃၄၃၆၃၅၆)အုပ်ဖြစ်ပါသည်။ထီစောင်အရေအတွက်ဖြင့်ဆိုလျှင်
ထီစောင်ရေ(၃၇၇၉၉၉၁၆)စောင် ဖြစ်ပါသည်။
ထီပေးသည့်ဆုမဲပေါင်းကိုလေ့လာရာတွင်(၄၂၂၃၉)ဆု ဖြစ်ပါသည်။
ထီရောင်းချသည့်စနစ်အရ ထီ(၈၉၅)စောင်ကို (၁)ဆု နှုန်း ပေးထားခြင်း
ဖြစ်ပါသည်။
မြန်မာ့အောင်ဘာလေထီတွင် အက္ခရာနှင့် နေရာအလိုက် ဂဏန်း(၆)လုံးရှိပါသည်။
ဆုအမျိုးအစားများ(၁၄)မျိုး ရှိပါသည်။ကျပ်သိန်း(၁၅၀၀)ဆုကြီးမှ ကျပ်(၅)သိန်းဆုထိ
ဆုမဲအမျိုးအစား(၁၀)မျိုးသည် အက္ခရာနှင့် နေရာအလိုက် ဂဏန်း(၆)လုံးအစဉ်လိုက်
တူမှသာ ထီပေါက်ပါသည်။
ဝေေ၀ဆာဆာ ပဒေသာဆု(၄)မျိုးတွင် အက္ခရာနှင့်ရှေ့ဂဏန်း(၂)လုံး အစဉ်လိုက်
ပါက ကျပ်(၅)သောင်းဆု၊အက္ခရာနှင့်ရှေ့ဂဏန်း(၃)လုံး အစဉ်လိုက်တူပါက(၁)သိန်းဆု၊
အက္ခရာနှင့် ရှေ့ဂဏန်း(၄)လုံး အစဉ်လိုက်တူပါက(၂)သိန်းဆုနှင့်အက္ခရာနှင့်
ရှေ့ဂဏန်း(၅)လုံး အစဉ်လိုက်တူပါက(၃)သိန်းဆု စသည်ဖြင့် ဆု(၄)မျိုး ရှိပါသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်

No comments:

Post a Comment