·
·
ဝီရိယကို(၂)ဆ တိုးပြီး ဆောင်ရွက်သူနှင့် ဆွေးနွေးခြင်း(၄)
·
ယခုကာလ
ထီပေါက်ကိန်းကို ဆွေးနွေးဖြစ်ပါသည်။ကောင်းကင်ကောဇာ ဓနဂြိုဟ်
ကြာသပတေးဂြိုဟ်သည် ကန်ရာသီသို့(၁၈.၈.၂၀၁၆)ရက်နေ့တွင်
ရောက်ရှိပါသည်။
(၁၈.၉.၂၀၁၇) ရက်နေ့ထိ ကန်ရာသီတွင် ရှိနေမည်
ဖြစ်ပါသည်။
·
မူလဇာတာစန်း၊လဂ်၏(၂)တန့်လာဘ်လာဘအိမ်ကို
ကောဇာဓနဂြိုဟ် ရောက်ရှိလျှင်
ရောက်ရှိနေသည့်ကာလအတွင်း ဝေဒနည်းပညာဥပဒေသများ
အရ ငွေအမြောက်အများ
ဝင်ကိန်းရှိနေပါသည်။
·
ကြာသပတေးဂြိုဟ်သည်(၅)တန့်(၇)တန့်(၉)တန့်အမြင်များရှိသဖြင့်
အခြားလဂ်များလည်း
ငွေအမြောက်အများဝင်ကိန်းရှိနေပါသည်။
·
ရာသီစန်း၊လဂ်(၁၂)ခု
ရှိသည့်အနက်(၆)ခုသာ ယခုကာလငွေအမြောက်များဝင်ကိန်းရှိနေ
ပါသည်။
·
တနင်္ဂနွေဂြိုဟ်၊စနေဂြိုဟ်နှင့်ကြာသပတေးဂြိုဟ်(၁၂)ခုရှိသည့်အနက်(၆)ခုသည်လည်း
ဝေဒနည်းပညာဥပဒေသများအရ ယခုကာလ ငွေအမြောက်အများဝင်ကိန်း
ရှိနေပါသည်။
·
ငွေအမြောက်အများဝင်ကိန်းရှိနေခြင်းကို
နွယ်ပြီး ယခုကာလထီပေါက်ကိန်း ရှိနေခြင်း
ဖြစ်ပါသည်။
·
ယခုကာလထီပေါက်ကိန်းရှိနေသည့် ဇာတာစန်း၊လဂ်၊တနင်္ဂနွေဂြို၊ကြာသပတေးဂြိုဟ်၊
စနေဂြိုဟ်တို့ ရပ်တည်နေသောရာသီများနှင့်
မူလဇာတာရှိ ဇာတာစန်း၊လဂ်၊တနင်္ဂနွေဂြိုဟ်
ကြာသပတေးဂြိုဟ်၊စနေဂြိုဟ်တို့
ရပ်တည်သော ရာသီများ တစ်ခုခု တူညီတိုက်ဆိုင်နေပါက
ယခုကာလ (၁၈.၈.၂၀၁၆)မှ(၁၈.၉.၂၀၁၇)အတွင်း
ထီပေါက်ကိန်းရှိနေသူများ ဖြစ်ပါသည်။
·
ယခုကာလထီပေါက်ကိန်းနှင့်မူလဇာတာတို့ တစ်ခုခု တူညီတိုက်ဆိုင်မူမရှိသေးပါက
ယခုကာလ(၁၈.၈.၂၀၁၆)မှ(၁၈.၉.၂၀၁၇)
ထီပေါက်ကိန်း မရှိသေးကြောင်း
ဆွေးနွေးဖြစ်ပါသည်။
·
ဇာတာရှင်သည် ဗြိစ္ဆာရာသီလဂ် ပိုင်ရှင် ဖြစ်သဖြင့်(၁၈.၈.၂၀၁၆)မှ(၁၈.၉.၂၀၁၇)ကာလ
အတွင်း ထီပေါက်ကိန်းရှိနေကြောင်း
ဝေဒနည်းပညာဥပဒေသများအရ ကြိုတင် သိရှိနိင်ရန်
အသိပေး အကြံပြုအပ်ပါသည်။
·
၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၃ ရက်.

No comments:
Post a Comment