Monday, September 12, 2016

ဝီရိယကို(၂)ဆတိုးပြီး ဆောင်ရွက်သူနှင့် ဆွေးနွေးခြင်း(၁)



·         ၀ီရိယကို(၂)ဆတိုးပြီး ဆောင်ရွက်သူနှင့် ဆွေးနွေးခြင်း(၁)


·         အကြောင်းညီညွတ်သည့်အခါများတွင် ဆွေးနွေးဖြစ်ပါသည်။ထီပေါက်ချင်တယ်ဆိုသဖြင့်
ဆွေးနွေးလာခြင်း ဖြစ်ပါသည်။မြန်မာ့အောင်ဘာလထီရောင်းချသည့် အစောင်အရေအတွက်
ထီပေးသည့် ဆုမဲပေါင်း စသည်တို့ကို သိရှိအောင် လေ့လာဖို့လိုကြောင်း ဆွေးနွေးဖြစ်ပါ
သည်။ဆွေးနွေးလာသူအား အထူးပင်ကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်လိုက်ပါသည်။
အခြား ထီစိတ်ဝင်စားသူများပါ သိရှိ လေ့လာနိင်ရန် အသိပေးရေးသားလိုက်ပါသည်။
·         ထီရောင်းချသည့် စောင်ရေ မှတ်မိလွယ်အောင် သိန်း(၃၆၀) နီးပါးရှိကြောင်းနှင့်
ထီပေးသည့် ဆုမဲပေါင်း  ကျပ်သိန်း ၁၅၀၀ ဆုကြီးမှ ကျပ် ၅ သောင်းဆုထိ၊ဆုမဲပေါင်း
၄၀၂၄၃ ဆုရှိကြောင်း ဆွေးနွေးဖြစ်ပါသည်။
·         ထီရောင်းချသည့်အရေအတွက်နှင့် ထီပေးသည့်စနစ်အရ ထီ(၉၀၀)စောင်ကို(၁)ဆုနှုန်း
ပေးထားခြင်းဖြစ်ပါသည်။အမှန်တကယ်ထီကံစမ်းသပ်ရာတွင် ထီ(၃၆၀၀)စောင်ကံစမ်းလျှင်
ကျပ် ၅ သောင်းဆု (၃)ဆု ပေါက်မည်ဖြစ်ကြောင်း ဆွေးနွေးဖြစ်ပါသည်။
·         မြန်မာ့အောင်ဘာလေထီ တွင် အက္ခရာနှင့် နေရာအလိုက် ဂဏန်း(၆)လုံး ရှိသည့်အနက်
ဘယ်နေရာက ဘာတွေကို ယူထားပြီး၊ဘယ်နေရာက ဘာတွေကို ကံတိုက်ထီကံစမ်းသပ်မှာ
လဲ? မိမိစိတ်ကြိုက် ကံစမ်းနိုင်ပါသည်။
·         ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၃ ရက်.

No comments:

Post a Comment