Tuesday, September 6, 2016

နည်းစနစ်(၁)ယခုအကြိမ် ထီပေါက်အောင် ကံစမ်းခြင်း



·         နည်းစနစ်(၁)ယခုအကြိမ် ထီပေါက်အောင် ကံစမ်းခြင်း

·         (က)အထူးမင်္ဂလာစုံတွဲ အင်တာနက်(၉၀)တွဲ၊ထီ(၃၆၀၀)စောင် ကံစမ်းခြင်းဖြစ်ပါသည်။

·         (ထီကတော့ပေါက်နေပါပြီ၊ဆုအသေးအကြီးကတော့ ကံတရားပါ။)

·         မြန်မာ့အောင်ဘာလေထီတွင် အက္ခရာနှင့်နေရာအလိုက် ဂဏန်း(၆)လုံးရှိသဖြင့်
ဘယ်နေရာက ဘာတွေကို ယူထားပြီး၊ဘယ်နေရာက ဘာတွေကို ကံတိုက်ထီကံစမ်းမှာလဲ?
မိမိစိတ်ကြိုက် ကံစမ်းနိင်ပါသည်။

·         အက္ခရာစဉ်းစားခြင်း

·         အထူးမင်္ဂလာစုံတွဲ အက္ခရာ(က)မှ(ကဆ)အထိ၊အက္ခရာ(၄၀)လုံးရှိသည့်အနက်
အက္ခရာ အားလုံးကို ယူထားသဖြင့် မြန်မာ့အောင်ဘာလေထီတွင် ထွက်သော
ကျပ်သိန်း ၁၅၀၀ ဆုကြီးအပါအ၀င် မည်သည့် ဆုတွင်မဆို အက္ခရာတူပြီးဖြစ်ပါသည်။

·         ပထမနေရာဂဏန်းစဉ်းစားခြင်း

·         ပထမနေရာဂဏန်း(၁)မှ(၉)ထိ၊ဂဏန်း(၉)လုံးရှိသည့်အနက် ပထမနေရာ ဂဏန်းစုံ(၉)လုံးကို
ယူထားသဖြင့် မြန်မာ့အောင်ဘာလေထီတွင် ထွက်သော ကျပ်သိန်း ၁၅၀၀ ဆုကြီးအပါအ၀င်
မည်သည့်ဆုတွင်မဆို ပထမနေရာ ဂဏန်းများလည်း တူပြီးဖြစ်ပါသည်။

·         ဒုတိယနေရာဂဏန်းစဉ်းစားခြင်း

·         ဒုတိယနေရာဂဏန်း(၀)မှ(၉)ထိ၊ဂဏန်း(၁၀)လုံးရှိသည့်အနက် ဒုတိယနေရာ ဂဏန်းစုံ
(၁၀)လုံးကိုယူထားသဖြင့် မြန်မာ့အောင်ဘာလေထီတွင်ထွက်သော ကျပ်သိန်း ၁၅၀၀ဆု
ကြီးအပါအ၀င် မည်သည့်ဆုတွင်မဆို ဒုတိယနေရာ ဂဏန်းများလည်း တူပြီးဖြစ်ပါသည်။

·         အမြင့်ဆုံးဆုကို စဉ်းစားခြင်း
·         ကျပ်သိန်း ၁၅၀၀ ဆုကြီးတွင် အက္ခရာနှင့် နေရာအလိုက် ဂဏန်း(၆)လုံးရှိပါသည်။
အထူးမင်္ဂလာစုံတွဲ အက္ခရာ၊ပထမနေရာဂဏန်းများနှင့် ဒုတိယနေရာဂဏန်းများကို
ယူထားသဖြင့် တူပြီးဖြစ်ပါသည်။နောက်ဂဏန်း(၄)လုံးကို ကံတိုက်ထီကံစမ်းခြင်း
ဖြစ်ပါသည်။နောက်ဂဏန်း(၄)လုံးအစဉ်လိုက်တူပါက ကျပ်သိန်း ၁၅၀၀ ဆုကြီး
ပေါက်မည်ဖြစ်ပါသည်။
·         (ကျပ်သိန်း ၁၅၀၀ ဆုမှ ကျပ် ၅ သိန်းထိ၊မည်သည့်ဆုတွင်မဆို အက္ခရာ၊ပထမနေရာ
ဂဏန်းနှင့်ဒုတိယနေရာဂဏန်းများ ယူထားသဖြင့် တူပြီးဖြစ်ပါသည်။နောက်ဂဏန်း(၄)လုံး
အစဉ်လိုက်တူပါက မည်သည့်ဆုတွင်မဆို ပေါက်မည်ဖြစ်ပါသည်။)
·         အနိမ့်ဆုံးဆုကို စဉ်းစားခြင်း
·         ဝေေ၀ဆာဆာပဒေသာဆုများတွင် အက္ခရာ၊ပထမနေရာဂဏန်းနှင့်ဒုတိယနေရာ
ဂဏန်းတူပါက ကျပ်(၅)သောင်းဆု ပေါက်ပါသည်။ကျပ်(၅)သောင်းဆု(၃)ဆုထွက်
ပါသည်။
·         အက္ခရာ၊ပထမနေရာဂဏန်းနှင့် ဒုတိယနေရာဂဏန်းတို့ကို ယူထားသဖြင့် ကျပ်(၅)
သောင်းဆု(၃)ဆု ထီပေါက်မည် ဖြစ်ပါသည်။
·         (ထို့ကြောင့် ထီကတော့ပေါက်နေပါပြီ ဆုအသေးအကြီးကတော့ကံတရားပါ။)
·         မူလဇာတာအရ ကံအကျိုးပေးသော ထီဆုများပေါက်ပါစေ။
·         ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၆ ရက်.

No comments:

Post a Comment