Thursday, August 11, 2016

ထီပေါက်ဖို့ ဘယ်စနစ်နဲ့ ထီကံစမ်းသပ်မလဲ?



ထီပေါက်ဖို့ ဘယ်စနစ်နဲ့ ထီကံစမ်းသပ်မလဲ?

မြန်မာ့အောင်ဘာလေ ထီဆုများအား လေ့လာခြင်း

ဗေဒင်ဝါသနာပါသော ဖေ့ဘုတ်မိတ်ဆွေများ၊ထီစိတ်ဝင်စားသူများအတွက် အသိပေး
ရေးသားလိုက်ပါသည်။

မြန်မာ့အောင်ဘာလေထီကို တစ်လတစ်ခါ လစဉ် လဆန်း(၁)ရက်နေ့၊ ရန်ကုန်မြို့
အောင်ဘာလေထီရုံးခွဲတွင် ဖွင့်ပွဲကို ကျင်းပပါသည်။ထီရောင်းချသည့် ငွေကြေးပမာဏ၏
(၆၀)%ကို ဆုမဲအဖြစ် ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။
၃၃၁ ကြိမ် (၁.၈.၂၀၁၆)ရက်နေ့ထီဖွင့်ပွဲတွင်
၁။ ကျပ်သိန်း ၁၅၀၀ ဆုကြီး(၁)ဆု၊
၂။ ကျပ်သိန်း ၁၀၀၀ ဆုကြီး(၂)ဆု၊
၃။ ကျပ် သိန်း ၅၀၀ ဆုကြီး(၅)ဆု၊
၎။ ကျပ်သိန်း ၃၀၀ ဆုကြီး(၆)ဆု၊
၅။ ကျပ်သိန်း ၂၀၀ ဆုကြီး(၇)ဆု၊
၆။ ကျပ် သိန်း ၁၀၀ ဆုကြီး(၁၈)ဆု၊
ထီဆုကြီး စုစုပေါင်း(၃၉)ဆု ဖွင့်လှစ်ပါသည်။
၇။ကျပ်သိန်း ၅၀ ဆု(၂၀)ဆု၊
၈။ ကျပ် ၂၅ သိန်းဆု(၂၀)ဆု၊
၉။ ကျပ် ၁၀ သိန်းဆု(၃၀)ဆု၊
၁၀။ ကျပ် ၅ သိန်းဆု(၃၄)ဆု၊
ထီဆုသေး စုစုပေါင်း (၁၀၄)ဆု ဖွင့်လှစ်ပါသည်။
အခြားဆုမဲများ
၁၁။ ကျပ် ၃ သိန်းဆု (၁၀)ဆု၊ဆုမဲပေါင်း(၁၀၀)ဆု၊
၁၂။ ကျပ် ၂ သိန်းဆု(၁၀)ဆု၊ဆုမဲပေါင်း(၁၀၀၀)ဆု၊
၁၃။ ကျပ် ၁ သိန်းဆု(၉)ဆု၊ဆုမဲပေါင်း(၉၀၀၀)ဆု၊
၁၄။ ကျပ် ၅ သောင်းဆု(၃)ဆု၊ ဆုမဲပေါင်း(၃၀၀၀၀)ဆု၊
အခြားဆုမဲပေါင်း(၄၀၁၀၀)ဆု ဖွင့်လှစ်ပါသည်။
ထီဆုကြီး(၃၉)ဆု၊ထီဆုသေး(၁၀၄)ဆု၊အခြားဆုမဲ(၄၀၁၀၀)ဆု၊စုစုပေါင်း(၄၀၂၄၃)ဆု
ဖွင့်လှစ်ပါသည်။
ထီစိတ်ဝင်စားသူများအတွက် ရေးသားလိုက်ပါသည်။
မူလဇာတာအရ ကံအကျိုးပေးသော ထီဆုများပေါက်ပါစေ။
၂၀၁၆ ခုနှစ် သြဂုတ်လ ၁၁ ရက်။

No comments:

Post a Comment