Friday, August 19, 2016

သုံးသပ်ခြင်း(၁)



သုံးသပ်ခြင်း(၁)

မဖြစ်သေးသည်ကို ကြိုတင် သိခြင်းသည် ဝေဒ နည်းပညာဖြစ်သည်။ကောဇာကြာသပတေးဂြိုဟ်
သည်(၁၈.၇.၂၀၁၅)မှ(၁၈.၈.၂၀၁၆)ကာလအတွင်း ကောင်းကင် ကောဇာ ဓနဂြိုဟ်သည်
သိဟ်ရာသီတွင် ရှိနေပါသည်။

ထီစိတ်ဝင်စားသူ ဖေ့ဘုတ်မိတ်ဆွေများကို မူလဇာတာအရ ထီပေါက်ကိန်း ရှိ/မရှိ အကြံပြုပေးခဲ့ပါသည်။
ထီပေါက်ကိန်းရှိသည့်ကာလသည် (၁)လ တစ်ခါထီဖွင့်သဖြင့် ထီဖွင့်သည့်အကြိမ်နှင့် စဉ်းစားလျင်
(၁၃)ကြိမ် ရှိပါသည်။

၁၉၉၅ ခုနှစ်မှ ယနေ့ထိ၊ထီအကြံပြုပေးခြင်းကို ဆောင်ရွက်ခဲ့ရာ ထီပေါက်ကိန်းရှိသော်လည်း ထီပေါက်
ကိန်းရှိသည့် ကာလအတွင်း ထီမပေါက်သဖြင့် လာရောက်ဆွေးနွေးသူများလည်း ရှိခဲ့ပါသည်။
ထီပေါက်ကိန်းရှိသည့်ကာလအတွင်း ထီပေါက်ဖို့ဆိုလျှင် စနစ်တကျကံစမ်းမှသာ ဖြစ်နိင်ကြောင်းတွေ့
ရှိရပါသည်။ထီပေါက်ကိန်းရှိသည့် ကာလအတွင်း ထီပေါက်ဖို့ဆိုလျှင် မည်သည့်နည်းစနစ်ဖြင့် ထီကံစမ်း
သပ်မလဲ?
မြန်မာ့အောင်ဘာလေထီတွင် အက္ခရာနှင့် နေရာအလိုက်ဂဏန်း(၆)လုံးရှိပါသည်။ဘယ်နေရာကဘာ
တွေကိုယူထားပြီး၊ဘယ်နေရာက ဘာတွေကို ကံစမ်းမှာလဲ? မိမိစိတ်ကြိုက် ကံစမ်းနိင်ပါသည်။
ဝေဒနည်းပညာဖြင့် ပေါင်းစပ်ပြီး ထီကံစမ်းသပ်ရာတွင် ၀ီရိယကို(၂)ဆတိုးပြီး ယူထားသည့် နည်းစနစ်ကို
အသုံးပြုပါသည်။
ဝီရိယကို(၂)ဆတိုးပြီး လက်တွေ့ထီကံစမ်းသပ်သူအားလုံး ထီပေါက်ကိန်းရှိသည့် ကာလအတွင်း အား
လုံး ထီပေါက်ပြီဖြစ်ပါသည်။မူလဇာတာအရ ကံအကျိုးပေးသော ထီဆုများ ပေါက်ခြင်း ဖြစ်ပါသည်။
မိမိကိုယ်တိုင် လက်တွေ့စမ်းသပ်ခြင်း

ဒုတိယနေရာဂဏန်း(၀)မှ(၉)ထိ ဂဏန်း(၁၀)လုံး ရှိသည့်အနက် မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေး
လိုက်သည့်အတိုင်း ထီပေါက်မည့် ဒုတိယနေရာ(၂)ဖြင့် စမ်းသပ်ရာ ထီပေါက်ပါသည်။

ပထမဦးဆုံး(၁)ကြိမ် ထီပေါက်သည်မှာ တိုက်ဆိုင်မူကြောင့် ဖြစ်နိင်ကြောင်း ဆရာသမားမှ ပြောပါသည်
ဆက်ရန်
၂၀၁၆ ခုနှစ် သြဂုတ်လ ၁၈ရက်.

No comments:

Post a Comment