Monday, September 9, 2013

ဇာတာလဂ်ခြင်းတူသော်လည်း ထီမပေါက်သဖြင့် မေးလာခြင်းကို ရှင်းပြခြင်းနှင့်ထီကံစမ်းခြင်းကို အကြံပြုပေးခြင်း



ဇာတာလဂ်ခြင်းတူသော်လည်း ထီမပေါက်သဖြင့် မေးလာခြင်းကို ရှင်းပြခြင်းနှင့်ထီကံစမ်းခြင်းကို အကြံပြုပေးခြင်း

တစ်နေ့ဟောခန်းတွင် ဗေဒင် ၀ါသနာပါသူ ထီစိတ်ဝင်စားသူ (၁)ဦးနှင့်
ဆွေးနွေးဖြစ်ပါသည်။
ဇာတာရှင်မှာ ဗေဒင်ဝါသနာပါသဖြင့် မိမိဇာတာကို အလွတ်ရသူဖြစ်ပါသည်
ကျပ်သိန်း(၁၀၀၀)ပေါက်သူကို  မင်းဘူးတွင် သွားရောက်ဆွေးနွေးထား
သဖြင့် ထီပေါက်သူ၏ ဇာတာမှာ မိသ လဂ်ဖြစ်ပါသည်။
ယခုဆွေးနွေးသူမှာလည်း မိသလဂ် ဖြစ်ပါသည်။
မိသလဂ်ခြင်း တူသော်လည်း သူ့အနေဖြင့် မည်သည့်အတွက်ကြောင့်
ထီမပေါက်တာလည်း သိလိုကြောင်းကို ဆွေးနွေးလာပါသည်။
ဗေဒင် သင်ကြားပေးသူ ဆရာဦးဥာဏ်လင်းနှင့် စကားစပ်မိလို
ဆရာ ပြောသော စကားကို ကြားရောင်မိပါသည်။
တစ်နေ့ဆရာအား ဗေဒင်မေးသူမှ ကမ္ဘောဇဘဏ် ဥက္ကဌ ဖြစ်သူ
ဦးအောင်ကိုဝင်းနှင့် လည်းကောင်းမှာ မွေးရက် မွေးလ ခုနှစ်မွေးချိန်
မွေးဖွားရာဇာတိတို့ အတူတူဖြစ်ပါသည်။ဇာတာ စန်း၊လဂ်များ တူညီပါသည်။
လည်းကောင်းမှာ မည်သည့်အတွက်ကြောင့် မချမ်းသာ တာလည်းစသည်ကို
သိလိုသဖြင့် မေးခြင်းဖြစ်ပါသည်။
ဒါဆို ကိုအောင်ကိုဝင်း ယူသော မိန်းမနှင့်လည်းကောင်းယူသောမိန်းမ
မွေးရက်၊မွေးလ၊ခုနှစ် မွေးချိန် မွေးဖွားရာဇာတိများတူသလားမေးရာ
မတူညီကြောင်း ပြောပါသည်။
အဲဒါကြောင့် သူချမ်းသာသလို မချမ်းသာတာ ဖြစ်ပါသည်ဟု ပြောလိုက်မှ
ဗေဒင်မေးသူမှ ကျေနပ်သွားပါသည်။
ဇာတာရှင်အား လည်းကောင်းကာလ ထီကံစမ်းဖြစ်ပါသလား မေးရာ
ဇာတာရှင်မှ ထီကံမစမ်းကြောင်း ပြောပါသည်။
ယခုလည်း ဇာတာစန်း၊လဂ်တူသော်လည်း ထီပေါက်ဖို့ဆိုရင် ထီကံစမ်းဖို့
တော့ လိုပါတယ်။
ထီပေါက်ဖို့ဆိုရင် ထီကံစမ်းထားဖို့တော့ လိုကြောင်းရှင်းပြလိုက်ပါသည်။
ဇာတာရှင်အား ထီကံစမ်းမည်ဆိုလျှင် မိမိအကျိုးပေး
လဂ်စီး နက္ခတ်စိုးမိုးဂဏန်းများကို ပထမနေရာအဖြစ် ထီကံစမ်းသင့်ပါကြောင်း
အကြံပြုလိုက်ပါသည်။
ကျပ်သိန်း(၁၀၀၀)ထီပေါက်သူမှာ မိသလဂ် ဖြစ်ပါသည်။
ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်း(၉.၆.၁)တို့ ဖြစ်သော်လည်း လဂ်စီးနက္ခတ်မှာ
အသ၀ဏီနက္ခတ် ဖြစ်သဖြင့် လဂ်စီးနက္ခတ် စိုးမိုးဂဏန်းမှာ(၉)ဖြစ်ပါသည်။
ဇာတာရှင်သည်(၂၇၁)ကြိမ်တွင် ဘ ၉၈၉၀၁၂ ဖြင့် သိန်း(၁၀၀၀)ပေါက်သူ
ဖြစ်ပါသည်။

ဇာတာရှင်သည် မိသလဂ် ပိုင်ရှင်ဖြစ်သော်လည်း မွေးရက် မွေးလ ခုနှစ်မွေးချိန်
မွေးဖွားရာ ဇာတိတို့ကို တွက်ရာတွင် လဂ်ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်း
(၉.၆.၁)တို့ဖြစ်သော်လည်း လဂ်စီးနက္ခတ်မှာ ဘရဏီနက္ခတ် ဖြစ်သဖြင့်
လဂ်စီးနက္ခတ် စိုးမိုးဂဏန်းမှာ (၆)ဖြစ်နေကြောင်းကိုလည်း ရှင်းပြလိုက်
ပါသည်။
မိမိအကျိုးပေး နက္ခတ် စိုးမိုးဂဏန်း လဂ်စီးနက္ခတ် စိုးမိုးဂဏန်းဖြစ်သည့်
(၆)ထိပ်ကို ပထမနေရာ ထီကံစမ်းဖို့ အကြံပြုလိုက်ပါသည်။
ဇာတာရှင်သည် (၆)ထိပ်ဖြင့် ဒုတိယနေရာ(၀)မှ(၉)ထိ ထီကံစမ်းဖို့
အကြံပြုလိုက်ပါသည်။
ထီပေါက်နိုင်သည့် အကြိမ်တွင်သာ ထီကံစမ်းဖို့လည်းအကြံပြုလိုက်ပါသည်။
ဇာတာရှင်သည် (၂၉၅)ကြိမ်တွင် မ ၆၀၀၃၁၈ ဖြင့်(၁)သိန်းဆုနှင့်
က ၆၁၁၇၇၆ ဖြင့် ကျပ်(၅)သောင်းဆု ပေါက်ပါသည်။
မိမိအကျိုးပေး လဂ်စီးနက္ခတ် စိုးမိုးဂဏန်း ထိပ်စီးဖြင့် ထီကံစမ်းသဖြင့်
ထီပေါက်ခြင်းဖြစ်ပါသည်။
မိမိ ဝေဒနည်းပညာဖြင့် အကြံပြုလိုက်သဖြင့် ထီပေါက်သဖြင့် ထီပေါက်သူ
နည်းတူ ၀မ်းသာပိတိ ဖြစ်မိပါသည်။
လည်ကောင်းနည်းတူ ဇာတာလဂ်ခြင်းတူသော်လည်း ထီမပေါက်ခြင်းမှာ
လဂ်စီးနက္ခတ်များ မတူသဖြင့် ထီမပေါက်ခြင်းဖြစ်နိင်ကြောင်းကို
ရေးသားအပ်ပါသည်။
စိတ်ဝင်စားသူများ ဆက်သွယ်နိုင်ပါသည်။
ဆရာဘုန်းမြင့် (ဝေဒသုသေတီ-A.G.T.I(civil)
Ph:09-6801883-၉-၉-၂၀၁၃

No comments:

Post a Comment