Saturday, September 7, 2013

ထီပေါက်ချင်သူများနှင့်ကျွန်တော်



ထီပေါက်ချင်သူများနှင့်ကျွန်တော်

ထီပေါက်ချင်သူများနှင့်ဆွေးနွေးဖြစ်ပါသည်။ထီကို ဘယ်လိုကံစမ်းရမလည်း
အကြံပြုပေးပါရန် ဆွေးနွေးလာပါသည်။
ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ် လေ့လာတွေ့ရှိချက်
အရ
၁။ မိမိအကျိုးပေး နက္ခတ်စိုးမိုးဂဏန်းများကို ထီကံစမ်းထားခြင်းဖြင့်လည်း
ထီပေါက်နိုင်ပါသည်။
(က)လဂ်စီးနက္ခတ်စိုးမိုးဂဏန်းကို ပထမနေရာဖြင့်လည်းကောင်း
(ခ)စန်းစီးနက္ခတ်စိုးမိုးဂဏန်းကို တတိယနေရာဖြင့်လည်းကောင်း
ထီကံစမ်းထားခြင်းဖြစ်ပါသည်။
ဇာတာကောင်းသူများ ထီပေါက်နိင်သည့်အကြိမ်တွင် ထီကံစမ်းသူများ ထီပေါက်ကြပါသည်။
၂။ ထီဖွင့်ချိန်တွင် စိုးမိုးသော လဂ်ရာသီစီး နက္ခတ်စိုးမိုးဂဏန်း ထိပ်စီးနှင့်
မိမိအကျိုးပေး စန်းရာသီစီး နက္ခတ်စိုးမိုးဂဏန်းများကို ပေါင်းစပ်ထီကံ
စမ်းခြင်းဖြင့်လည်း ထီပေါက်နိုင်ပါသည်။
(က) ထီဖွင့်ချိန်တွင် စိုးမိုးသော လဂ်ရာသီစီး နက္ခတ်စိုးမိုးဂဏန်း
      (၃)လုံးထဲမှ(၁)လုံးကို ပထမနေရာ ရွေးချယ်ထီကံစမ်းခြင်း
(ခ) မိမိ၏ဇာတာစန်းစီးနက္ခတ် စိုးမိုးဂဏန်းကို တတိယနေရာဖြင့်
လည်းကောင်း ထီကံစမ်းထားခြင်း
ဇာတာကောင်းသူများ ထီပေါက်နိင်သည့်အကြိမ်တွင် ထီကံစမ်းသူများ ထီပေါက်ကြပါသည်။
၃။ ထီဖွင့်ချိန်တွင် စိုးမိုးသော လဂ်စီးနက္ခတ် စိုးမိုးဂဏန်းကို
ပထမနေရာ ထီကံစမ်းခြင်းနှင့်ထီဖွင့်ချိန် စိုးမိုးသော စန်းစီးနက္ခတ် စိုမိုးဂဏန်း
ကို တတိယနေရာထီကံစမ်းခြင်းဖြင့်လည်း ထီပေါက်နိုင်ပါသည်။
(က) ထီဖွင့်ချိန်တွင် စိုးမိုးသော နက္ခတ်စိုးမိုးဂဏန်းကို ပထမနေရာ
      ထီကံစမ်းခြင်း
(ခ) ထီဖွင့်ချိန်တွင် စိုးမိုးသော နက္ခတ်စိုးမိုးဂဏန်းကို တတိယနေရာ
    ထီကံစမ်းခြင်း
ဇာတာကောင်းသူများ ထီပေါက်နိင်သည့်အကြိမ်တွင် ထီကံစမ်းသူများ ထီပေါက်ကြပါသည်။
၎။ မိမိအကျိုးပေး လဂ်စီးနက္ခတ်စိုးမိုးဂဏန်းကို ပထမနေရာ ထီကံစမ်းပြီး
ဒုတိယနေရာ(၀)မှ(၉)ထိ ထီကံစမ်းလျှင်လည်း ထီပေါက်နိင်ပါသည်။
(က)လဂ်စီးနက္ခတ်စိုးမိုးဂဏန်းကို ပထမနေရာဖြင့်လည်းကောင်း
(ခ) ဒုတိယနေရာအား (၀)မှ(၉)ထိ ထီကံစမ်းခြင်း ဖြစ်ပါသည်။
ဇာတာကောင်းသူများ ထီပေါက်နိင်သည့်အကြိမ်တွင် ထီကံစမ်းသူများ ထီပေါက်ကြပါသည်။
ထီပေါက်ခြင်းတွင် အထက်ပါအတိုင်း(၄)မျိုးရှိကြောင်းနှင့်မိမိကြိုက်နှစ်သက်
သည့်စနစ်ဖြင့် ထီကံစမ်းဖို့ အကြံပြုလိုက်ပါသည်။
ဇာတာရှင်မှ(၂၉၅)ကြိမ်တွင် ထီကံစမ်းလိုသဖြင့် တွက်ချက်ရာတွင် အောက်ပါ
အတိုင်းရရှိပါသည်။

ဇာတာရှင်သည် သိဟ်လဂ်ပိုင်ရှင်ဖြစ်ပါသည်။ လဂ်စီးနက္ခတ်မှာ ပြဗဖလဂုနီနက္ခတ်ဖြစ်ပြီးနက္ခတ်စိုးမိုးဂဏန်းမှာ(၆)ဖြစ်ပါသည်။
တနင်္လာဂြိုလ်သည် ကုံရာသီတွင် ရှိပါသည်။စန်းစီးနက္ခတ်မှာ
သတ္တဘိသျှနက္ခတ်ဖြစ်ပြီး နက္ခတ်စိုမိုးဂဏန်းမှာ(၈)ဖြစ်ပါသည်။
ဇာတာရှင်အား လဂ်စီးနက္ခတ်စိုမိုးဂဏန်း(၆)ကို ပထမနေရာ
ထီကံစမ်းဖို့ အကြံပြုပေးလိုက်ပါသည်။
ဇာတာရှင်မှ ဒုတိယနေရာ(၀)မှ(၉)ထိ ထီကံစမ်းသဖြင့်
(၂၉၅) ကြိမ်တွင်  က ၆၁၀၄၀၀ ဖြင့်(၅)သောင်းဆုပေါက်ပါသည်။
(အမှတ်စဉ်(၄)စနစ်ဖြင့် ထီကံစမ်းခြင်း ဖြစ်ပါသည်။)
(၂၉၆)ကြိမ်တွင် ထီကံစမ်းလိုကြောင်းထပ်မံဆွေးနွေးလာပါသည်။
(၂၉၆)ကြိမ် ထီဖွင့်ချိန်တွင် စိုးမိုးသော လဂ်စီးနက္ခတ်စိုးမိုးဂဏန်း(၁)ထိပ်၊
(၂)ထိပ်၊(၃)ထိပ်တို့မှ မိမိကြိုက်နှစ်သက်သည့်ထိပ်စီး(၁)လုံးအား
ဇာတာရှင် ကိုယ်တိုင်ရွေးချယ်ရာတွင်(၃)ထိပ်အား ရွေးချယ်ပါသည်။
ဇာတာရှင်အား တတိယနေရာကို စန်းရာသီစီးနက္ခတ်စိုးမိုးဂဏန်း
(၈)အား ရွေးချယ်ပေးခဲ့ပါသည်။
(၂၉၆)ကြိမ်တွင် ထ ၃၁၈၃၁၅ ဖြင့် ကျပ်(၁)သိန်းဆု ပေါက်ပါသည်။
(အမှတ်စဉ်(၂) နည်းစနစ်ဖြင့် ထီကံစမ်းခြင်း ဖြစ်ပါသည်။)
မိမိလေ့လာ သင်ယူထားသော ဝေဒနည်းပညာဖြင့် အကြံပြုပေးသဖြင့်
ထီပေါက်သဖြင့် ထီပေါက်သူနည်းတူ ၀မ်းသာပိတိဖြစ်ကာ မှတ်တမ်း
တင်အပ်ပါသည်။
စိတ်ဝင်စားသူများအနေဖြင့် ဆက်သွယ်နိင်ပါသည်။
ဆရာဘုန်းမြင့် (ဝေဒသုတေသီ)-A.G.T.I-(civil)
 ၀၉-၆၈၀၁၈၈၃(7.9.2013)

No comments:

Post a Comment