Tuesday, September 10, 2013

ဇာတာစန်းလဂ်တူတိုင်း ထီပေါက်ပါသလားဆွေးနွေးခြင်း



ဇာတာစန်းလဂ်တူတိုင်း ထီပေါက်ပါသလား

ယနေ့ ထီစိတ်ဝင်စားသူ တစ်ဦးနှင့်ဆွေးနွေးဖြစ်ပါသည်။
ဇာတာ စန်းလဂ်တူတိုင်း ထီပေါက်ပါသည်။
ထီပေါက်ဖို့ဆိုရင် ထီကံစမ်းထားဖို့တော့လိုပါသည်။
ထီကံစမ်းမည်ဆိုလျှင် မိမိအကျိုးပေး နက္ခတ်စိုးမိုးဂဏန်းများကို ကံစမ်းထားဖို့ပါ။
ယခုကာလ ငွေအမြောက်အများဝင်ကိန်းရှိပြီး၊ထီပေါက်ကိန်းရှိသော်လည်း
ထီပေါက်နိုင်သည့်အကြိမ်တွင် ထီကံစမ်းထားဖို့တော့လိုပါသည်။
ထီပေါက်ဖူးသူများ၏ ဇာတာများကို လေ့လာတွေ့ရှိချက်အရ
လဂ်စီးနက္ခတ် စိုးမိုးဂဏန်းသည် ပထမနေရာ ဂဏန်း ဖြစ်နေကြောင်းနှင့်
စန်းစီးနက္ခတ် စိုးမိုးဂဏန်းသည် တတိယနေရာ ဂဏန်း ဖြစ်နေကြောင်းကို
လေ့လာတွေ့ရှိရပါသည်။
ကျပ်သိန်းရာကျော်ထီပေါက်သူများ၏ ဇာတာကို ကြည့်ပြီး လည်းကောင်းလည်း
ဇာတာစန်း၊လဂ်တူပါက ထီပေါက်နိုင်ပါသလားဆိုသည်ကို ဆွေးနွေးဖြစ်ပါသည်။
ရှေ့ဂဏန်း(၃)လုံးတူတော့ ထီပေါက်နိုင်ကြောင်းနှင့် ထီဆုအသေးအကြီးကတော့
ကံတရားသာ ဖြစ်ကြောင်း နားလည်အောင်ရှင်းပြလိုက်ပါသည်။
ထီပေါက်နိုင်သည့်အကြိမ်တွင် ထီကံစမ်းရန်လည်း အကြံပြုလိုက်ပါသည်။
မိမိအကျိုးပေး လဂ်စီးနက္ခတ် စိုးမိုးဂဏန်းကို ပထမနေရာဂဏန်းဖြင့်လည်းကောင်း
မိမိအကျိုးပေး စန်းစီး နက္ခတ် စိုးမိုးဂဏန်းကို တတိယနေရာ ဂဏန်းဖြင့်လည်းကောင်း
ဒုတိယနေရာဂဏန်းကို(၀)မှ(၉)အထိ အထူးမင်္ဂလာစုံတွဲ(၁၀)တွဲကို
ထီပေါက်နိုင်သည့်အကြိမ်တွင် ထီကံစမ်းဖို့ အကြံပြု ပေးလိုက်ပါသည်။
ဇာတာရှင်၏ မွေးရက် မွေးလ ခုနှစ် မွေးချိန် မွေးဖွားရာဇာတိတို့ကို တွက်ရာတွင်
ဇာတာရှင်သည် ဗြိစ္ဆာရာသီလဂ် ပိုင်ရှင်ဖြစ်နေပါသဖြင့်
(၁.၆.၂၀၁၃)ရက်နေ့မှ(၁၈.၆.၂၀၁၄)အတွင်း ငွေအမြောက်အများဝင်ကိန်းရှိပါသည်။
(၁.၆.၂၀၁၃)ရက်နေ့မှ(၁၈.၆.၂၀၁၄)အတွင်း ထီပေါက်ကိန်းရှိပါသည်။
ထီပေါက်နိုင်သည့် အကြိမ်နှင့်တိုက်ဆိုင် စစ်ဆေးရာတွင်(၂၉၈)ကြိမ်(၁.၁၁.၂၀၁၃)
ရက်နေ့ ထီဖွင့်ပွဲတွင် ထီပေါက်နိုင်သည့်အကြိမ်နှင့် တူညီတိုက်ဆိုင်မှုရှိသဖြင့်
(၂၉၈)ကြိမ်တွင် ထီကံစမ်းဖို့ အကြံပြုလိုက်ပါသည်။
(၂၉၇)ကြိမ် (၁.၁၀.၂၀၁၃)ရက်နေ့ ထီဖွင့်ပွဲနှင့် လည်ကောင်း၏ ဇာတာမှာ
ထီပေါက်င်္နိင်သည့်အကြိမ်နှင့် တူညီတိုက်ဆိုင်မှု မရှိပါက
လည်းကောင်း၏ အမျိုးသမီးဇာတာကိုကြည့်ပေးပါရန်၊
အမျိုးသမီးဇာတာမှာ လည်း ယခုအကြိမ် ထီပေါက်နိုင်သည့်အကြိမ်နှင့်
တိုက်ဆိုင်မှု မရှိသေးပါ။
 လည်းကောင်း၏ သားသမီးများ၏ ဇာတာများကို
ကြည့်ပေးပါရန် တောင်းဆိုလာပါသည်။
လည်းကောင်းသားသမီးဇာတာသည် ထီပေါက်နိုင်သည့် အကြိမ်နှင့်တူညီတိုက်ဆိုင်
နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
ဇာတာ စန်း၊လဂ်တူတိုင်းထီပေါက်ပါသလားဆိုသည်ကို ဆွေးနွေးဖြစ်ပါသည်။
ဇာတာကောင်းပါက ထီပေါက်နိုင်ကြောင်းကိုလည်းဆွေးနွေးဖြစ်ပါသည်။
အထူးမင်္ဂလာစုံတွဲ ထီကံစမ်းထားသဖြင့် အက္ခရာမှာ တူပြီး ဖြစ်ပါသည်။
ဇာတာကောင်းပါက မိမိဇာတာ၏ စန်းစီးနက္ခတ် စိုးမိုးဂဏန်းသည့် တတိယနေရာ
ဂဏန်းလည်း တူညီမည်ဖြစ်ပါသည်။
အက္ခရာနှင့် ရှေ့ဂဏန်း(၃)လုံး အစဉ်လိုက်တူသဖြင့် ကျပ်သိန်း(၁၀၀)မင်္ဂလာစုံတွဲ
စနစ်တွင် ကျပ်(၁)သိန်းဆုပေါက်မည် ဖြစ်ပါသည်။
နောက်ဂဏန်း(၃)လုံးတူရန်မှာ ဇာတာရှင်၏ ကံတရားသာ ဖြစ်ပါသည်။
ကျပ်သိန်း(၁၅၀၀)ဆု၊အခြားဆုကြီးများနှင့် အနည်းဆုံး(၅)သောင်းဆု မည်သည့်ဆု
မဆိုပေါက်နိုင်ပါသည်။
ဆရာဘုန်းမြင့် (ဝေဒသုတေသီ)-A.G.T.I-(civil)
Ph:09-6801889(10.9.2013)


Monday, September 9, 2013

ဇာတာလဂ်ခြင်းတူသော်လည်း ထီမပေါက်သဖြင့် မေးလာခြင်းကို ရှင်းပြခြင်းနှင့်ထီကံစမ်းခြင်းကို အကြံပြုပေးခြင်း



ဇာတာလဂ်ခြင်းတူသော်လည်း ထီမပေါက်သဖြင့် မေးလာခြင်းကို ရှင်းပြခြင်းနှင့်ထီကံစမ်းခြင်းကို အကြံပြုပေးခြင်း

တစ်နေ့ဟောခန်းတွင် ဗေဒင် ၀ါသနာပါသူ ထီစိတ်ဝင်စားသူ (၁)ဦးနှင့်
ဆွေးနွေးဖြစ်ပါသည်။
ဇာတာရှင်မှာ ဗေဒင်ဝါသနာပါသဖြင့် မိမိဇာတာကို အလွတ်ရသူဖြစ်ပါသည်
ကျပ်သိန်း(၁၀၀၀)ပေါက်သူကို  မင်းဘူးတွင် သွားရောက်ဆွေးနွေးထား
သဖြင့် ထီပေါက်သူ၏ ဇာတာမှာ မိသ လဂ်ဖြစ်ပါသည်။
ယခုဆွေးနွေးသူမှာလည်း မိသလဂ် ဖြစ်ပါသည်။
မိသလဂ်ခြင်း တူသော်လည်း သူ့အနေဖြင့် မည်သည့်အတွက်ကြောင့်
ထီမပေါက်တာလည်း သိလိုကြောင်းကို ဆွေးနွေးလာပါသည်။
ဗေဒင် သင်ကြားပေးသူ ဆရာဦးဥာဏ်လင်းနှင့် စကားစပ်မိလို
ဆရာ ပြောသော စကားကို ကြားရောင်မိပါသည်။
တစ်နေ့ဆရာအား ဗေဒင်မေးသူမှ ကမ္ဘောဇဘဏ် ဥက္ကဌ ဖြစ်သူ
ဦးအောင်ကိုဝင်းနှင့် လည်းကောင်းမှာ မွေးရက် မွေးလ ခုနှစ်မွေးချိန်
မွေးဖွားရာဇာတိတို့ အတူတူဖြစ်ပါသည်။ဇာတာ စန်း၊လဂ်များ တူညီပါသည်။
လည်းကောင်းမှာ မည်သည့်အတွက်ကြောင့် မချမ်းသာ တာလည်းစသည်ကို
သိလိုသဖြင့် မေးခြင်းဖြစ်ပါသည်။
ဒါဆို ကိုအောင်ကိုဝင်း ယူသော မိန်းမနှင့်လည်းကောင်းယူသောမိန်းမ
မွေးရက်၊မွေးလ၊ခုနှစ် မွေးချိန် မွေးဖွားရာဇာတိများတူသလားမေးရာ
မတူညီကြောင်း ပြောပါသည်။
အဲဒါကြောင့် သူချမ်းသာသလို မချမ်းသာတာ ဖြစ်ပါသည်ဟု ပြောလိုက်မှ
ဗေဒင်မေးသူမှ ကျေနပ်သွားပါသည်။
ဇာတာရှင်အား လည်းကောင်းကာလ ထီကံစမ်းဖြစ်ပါသလား မေးရာ
ဇာတာရှင်မှ ထီကံမစမ်းကြောင်း ပြောပါသည်။
ယခုလည်း ဇာတာစန်း၊လဂ်တူသော်လည်း ထီပေါက်ဖို့ဆိုရင် ထီကံစမ်းဖို့
တော့ လိုပါတယ်။
ထီပေါက်ဖို့ဆိုရင် ထီကံစမ်းထားဖို့တော့ လိုကြောင်းရှင်းပြလိုက်ပါသည်။
ဇာတာရှင်အား ထီကံစမ်းမည်ဆိုလျှင် မိမိအကျိုးပေး
လဂ်စီး နက္ခတ်စိုးမိုးဂဏန်းများကို ပထမနေရာအဖြစ် ထီကံစမ်းသင့်ပါကြောင်း
အကြံပြုလိုက်ပါသည်။
ကျပ်သိန်း(၁၀၀၀)ထီပေါက်သူမှာ မိသလဂ် ဖြစ်ပါသည်။
ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်း(၉.၆.၁)တို့ ဖြစ်သော်လည်း လဂ်စီးနက္ခတ်မှာ
အသ၀ဏီနက္ခတ် ဖြစ်သဖြင့် လဂ်စီးနက္ခတ် စိုးမိုးဂဏန်းမှာ(၉)ဖြစ်ပါသည်။
ဇာတာရှင်သည်(၂၇၁)ကြိမ်တွင် ဘ ၉၈၉၀၁၂ ဖြင့် သိန်း(၁၀၀၀)ပေါက်သူ
ဖြစ်ပါသည်။

ဇာတာရှင်သည် မိသလဂ် ပိုင်ရှင်ဖြစ်သော်လည်း မွေးရက် မွေးလ ခုနှစ်မွေးချိန်
မွေးဖွားရာ ဇာတိတို့ကို တွက်ရာတွင် လဂ်ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်း
(၉.၆.၁)တို့ဖြစ်သော်လည်း လဂ်စီးနက္ခတ်မှာ ဘရဏီနက္ခတ် ဖြစ်သဖြင့်
လဂ်စီးနက္ခတ် စိုးမိုးဂဏန်းမှာ (၆)ဖြစ်နေကြောင်းကိုလည်း ရှင်းပြလိုက်
ပါသည်။
မိမိအကျိုးပေး နက္ခတ် စိုးမိုးဂဏန်း လဂ်စီးနက္ခတ် စိုးမိုးဂဏန်းဖြစ်သည့်
(၆)ထိပ်ကို ပထမနေရာ ထီကံစမ်းဖို့ အကြံပြုလိုက်ပါသည်။
ဇာတာရှင်သည် (၆)ထိပ်ဖြင့် ဒုတိယနေရာ(၀)မှ(၉)ထိ ထီကံစမ်းဖို့
အကြံပြုလိုက်ပါသည်။
ထီပေါက်နိုင်သည့် အကြိမ်တွင်သာ ထီကံစမ်းဖို့လည်းအကြံပြုလိုက်ပါသည်။
ဇာတာရှင်သည် (၂၉၅)ကြိမ်တွင် မ ၆၀၀၃၁၈ ဖြင့်(၁)သိန်းဆုနှင့်
က ၆၁၁၇၇၆ ဖြင့် ကျပ်(၅)သောင်းဆု ပေါက်ပါသည်။
မိမိအကျိုးပေး လဂ်စီးနက္ခတ် စိုးမိုးဂဏန်း ထိပ်စီးဖြင့် ထီကံစမ်းသဖြင့်
ထီပေါက်ခြင်းဖြစ်ပါသည်။
မိမိ ဝေဒနည်းပညာဖြင့် အကြံပြုလိုက်သဖြင့် ထီပေါက်သဖြင့် ထီပေါက်သူ
နည်းတူ ၀မ်းသာပိတိ ဖြစ်မိပါသည်။
လည်ကောင်းနည်းတူ ဇာတာလဂ်ခြင်းတူသော်လည်း ထီမပေါက်ခြင်းမှာ
လဂ်စီးနက္ခတ်များ မတူသဖြင့် ထီမပေါက်ခြင်းဖြစ်နိင်ကြောင်းကို
ရေးသားအပ်ပါသည်။
စိတ်ဝင်စားသူများ ဆက်သွယ်နိုင်ပါသည်။
ဆရာဘုန်းမြင့် (ဝေဒသုသေတီ-A.G.T.I(civil)
Ph:09-6801883-၉-၉-၂၀၁၃

Saturday, September 7, 2013

ထီပေါက်ချင်သူများနှင့်ကျွန်တော်



ထီပေါက်ချင်သူများနှင့်ကျွန်တော်

ထီပေါက်ချင်သူများနှင့်ဆွေးနွေးဖြစ်ပါသည်။ထီကို ဘယ်လိုကံစမ်းရမလည်း
အကြံပြုပေးပါရန် ဆွေးနွေးလာပါသည်။
ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ် လေ့လာတွေ့ရှိချက်
အရ
၁။ မိမိအကျိုးပေး နက္ခတ်စိုးမိုးဂဏန်းများကို ထီကံစမ်းထားခြင်းဖြင့်လည်း
ထီပေါက်နိုင်ပါသည်။
(က)လဂ်စီးနက္ခတ်စိုးမိုးဂဏန်းကို ပထမနေရာဖြင့်လည်းကောင်း
(ခ)စန်းစီးနက္ခတ်စိုးမိုးဂဏန်းကို တတိယနေရာဖြင့်လည်းကောင်း
ထီကံစမ်းထားခြင်းဖြစ်ပါသည်။
ဇာတာကောင်းသူများ ထီပေါက်နိင်သည့်အကြိမ်တွင် ထီကံစမ်းသူများ ထီပေါက်ကြပါသည်။
၂။ ထီဖွင့်ချိန်တွင် စိုးမိုးသော လဂ်ရာသီစီး နက္ခတ်စိုးမိုးဂဏန်း ထိပ်စီးနှင့်
မိမိအကျိုးပေး စန်းရာသီစီး နက္ခတ်စိုးမိုးဂဏန်းများကို ပေါင်းစပ်ထီကံ
စမ်းခြင်းဖြင့်လည်း ထီပေါက်နိုင်ပါသည်။
(က) ထီဖွင့်ချိန်တွင် စိုးမိုးသော လဂ်ရာသီစီး နက္ခတ်စိုးမိုးဂဏန်း
      (၃)လုံးထဲမှ(၁)လုံးကို ပထမနေရာ ရွေးချယ်ထီကံစမ်းခြင်း
(ခ) မိမိ၏ဇာတာစန်းစီးနက္ခတ် စိုးမိုးဂဏန်းကို တတိယနေရာဖြင့်
လည်းကောင်း ထီကံစမ်းထားခြင်း
ဇာတာကောင်းသူများ ထီပေါက်နိင်သည့်အကြိမ်တွင် ထီကံစမ်းသူများ ထီပေါက်ကြပါသည်။
၃။ ထီဖွင့်ချိန်တွင် စိုးမိုးသော လဂ်စီးနက္ခတ် စိုးမိုးဂဏန်းကို
ပထမနေရာ ထီကံစမ်းခြင်းနှင့်ထီဖွင့်ချိန် စိုးမိုးသော စန်းစီးနက္ခတ် စိုမိုးဂဏန်း
ကို တတိယနေရာထီကံစမ်းခြင်းဖြင့်လည်း ထီပေါက်နိုင်ပါသည်။
(က) ထီဖွင့်ချိန်တွင် စိုးမိုးသော နက္ခတ်စိုးမိုးဂဏန်းကို ပထမနေရာ
      ထီကံစမ်းခြင်း
(ခ) ထီဖွင့်ချိန်တွင် စိုးမိုးသော နက္ခတ်စိုးမိုးဂဏန်းကို တတိယနေရာ
    ထီကံစမ်းခြင်း
ဇာတာကောင်းသူများ ထီပေါက်နိင်သည့်အကြိမ်တွင် ထီကံစမ်းသူများ ထီပေါက်ကြပါသည်။
၎။ မိမိအကျိုးပေး လဂ်စီးနက္ခတ်စိုးမိုးဂဏန်းကို ပထမနေရာ ထီကံစမ်းပြီး
ဒုတိယနေရာ(၀)မှ(၉)ထိ ထီကံစမ်းလျှင်လည်း ထီပေါက်နိင်ပါသည်။
(က)လဂ်စီးနက္ခတ်စိုးမိုးဂဏန်းကို ပထမနေရာဖြင့်လည်းကောင်း
(ခ) ဒုတိယနေရာအား (၀)မှ(၉)ထိ ထီကံစမ်းခြင်း ဖြစ်ပါသည်။
ဇာတာကောင်းသူများ ထီပေါက်နိင်သည့်အကြိမ်တွင် ထီကံစမ်းသူများ ထီပေါက်ကြပါသည်။
ထီပေါက်ခြင်းတွင် အထက်ပါအတိုင်း(၄)မျိုးရှိကြောင်းနှင့်မိမိကြိုက်နှစ်သက်
သည့်စနစ်ဖြင့် ထီကံစမ်းဖို့ အကြံပြုလိုက်ပါသည်။
ဇာတာရှင်မှ(၂၉၅)ကြိမ်တွင် ထီကံစမ်းလိုသဖြင့် တွက်ချက်ရာတွင် အောက်ပါ
အတိုင်းရရှိပါသည်။

ဇာတာရှင်သည် သိဟ်လဂ်ပိုင်ရှင်ဖြစ်ပါသည်။ လဂ်စီးနက္ခတ်မှာ ပြဗဖလဂုနီနက္ခတ်ဖြစ်ပြီးနက္ခတ်စိုးမိုးဂဏန်းမှာ(၆)ဖြစ်ပါသည်။
တနင်္လာဂြိုလ်သည် ကုံရာသီတွင် ရှိပါသည်။စန်းစီးနက္ခတ်မှာ
သတ္တဘိသျှနက္ခတ်ဖြစ်ပြီး နက္ခတ်စိုမိုးဂဏန်းမှာ(၈)ဖြစ်ပါသည်။
ဇာတာရှင်အား လဂ်စီးနက္ခတ်စိုမိုးဂဏန်း(၆)ကို ပထမနေရာ
ထီကံစမ်းဖို့ အကြံပြုပေးလိုက်ပါသည်။
ဇာတာရှင်မှ ဒုတိယနေရာ(၀)မှ(၉)ထိ ထီကံစမ်းသဖြင့်
(၂၉၅) ကြိမ်တွင်  က ၆၁၀၄၀၀ ဖြင့်(၅)သောင်းဆုပေါက်ပါသည်။
(အမှတ်စဉ်(၄)စနစ်ဖြင့် ထီကံစမ်းခြင်း ဖြစ်ပါသည်။)
(၂၉၆)ကြိမ်တွင် ထီကံစမ်းလိုကြောင်းထပ်မံဆွေးနွေးလာပါသည်။
(၂၉၆)ကြိမ် ထီဖွင့်ချိန်တွင် စိုးမိုးသော လဂ်စီးနက္ခတ်စိုးမိုးဂဏန်း(၁)ထိပ်၊
(၂)ထိပ်၊(၃)ထိပ်တို့မှ မိမိကြိုက်နှစ်သက်သည့်ထိပ်စီး(၁)လုံးအား
ဇာတာရှင် ကိုယ်တိုင်ရွေးချယ်ရာတွင်(၃)ထိပ်အား ရွေးချယ်ပါသည်။
ဇာတာရှင်အား တတိယနေရာကို စန်းရာသီစီးနက္ခတ်စိုးမိုးဂဏန်း
(၈)အား ရွေးချယ်ပေးခဲ့ပါသည်။
(၂၉၆)ကြိမ်တွင် ထ ၃၁၈၃၁၅ ဖြင့် ကျပ်(၁)သိန်းဆု ပေါက်ပါသည်။
(အမှတ်စဉ်(၂) နည်းစနစ်ဖြင့် ထီကံစမ်းခြင်း ဖြစ်ပါသည်။)
မိမိလေ့လာ သင်ယူထားသော ဝေဒနည်းပညာဖြင့် အကြံပြုပေးသဖြင့်
ထီပေါက်သဖြင့် ထီပေါက်သူနည်းတူ ၀မ်းသာပိတိဖြစ်ကာ မှတ်တမ်း
တင်အပ်ပါသည်။
စိတ်ဝင်စားသူများအနေဖြင့် ဆက်သွယ်နိင်ပါသည်။
ဆရာဘုန်းမြင့် (ဝေဒသုတေသီ)-A.G.T.I-(civil)
 ၀၉-၆၈၀၁၈၈၃(7.9.2013)